A Stitch in Time HD

A Stitch in Time

Drama HD 2022-02-17 7 98 Min

ဒီတစ်ခါ မိတ်ဆက်​ပေးမှာ​ကတော့ ကြည့်ရင်းနဲ့ ရင်ထဲကို​​နွေး​ထွေးလာ​စေမယ့် 2022 တုန်းကထွက်ရှိထားတဲ့ ဒရာမာအမျိုးအစား A Stitch In Time ​ဇာတ်ကားလေးပဲဖြစ်ပါတယ်။ငယ်ငယ်တည်းကခင်ပွန်းသည်အဆိုရှင်ကို ကူညီဖို့ မိမိဝါသနာအလုပ်ဖြစ်တဲ့ အပ်ချုပ်တာကိုစွန့်ပစ်ခဲ့တဲ့ လီပါတစ်​ယောက် ခင်ပွန်းသည်ရဲ့ အိပ်မက်ဖြစ်တဲ့ အ​ခွေထုတ်ဖို့ကို ဝင်ကူဖို့ကြိုးစားရင်း တရုတ်ဒီဇိုင်နာ ဟန်းနစ်ချ်နဲ့ ပြန်​တွေ့ပြီး သူ့ရဲ့အိပ်မက်​တွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါ ခင်ပွန်းသည်ရဲ့ ကန့်ကွက်မှု​တွေ၊ ရင်ဆိုင်ရမယ့်အခက်အခဲ​တွေကို အံတုရင်း ကြိုးစားရုန်းကန်ရတဲ့အကြောင်းပါ။ ဇာတ်လမ်းကရိုးစင်းပေမဲ့ ကြည့်ရင်းနဲ့ တဖြည်းဖြည်း ရင်ထဲအကြည်ဓါတ်​လေး​ရော အ​နွေးဓါတ်​လေးပါ ခံစားရမယ့်ကား​လေးမို့ ဇာတ်လမ်းဇာတ်အိမ် အေးအေးငြိမ့်ငြိမ့်လေး ကြိုက်သူတွေ ကြည့်သင့်တဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။