Bethany တို့ဇနီးမောင်နှံဟာ သဘောကောင်းပြီးချမ်းသာပေမယ့် ကလေးအရမ်းလိုချင်ကြပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် သားထပ်လိုချင်လို့ မွေးစားဖို့ကြိုးစားနေရင်း Bethany တို့အိမ်ရှေ့ကိုကိုယ်၀န်နဲ့မိန်းကလေးတစ်ယောက်က ရည်းစားဟောင်းဖြစ်သူရန်ကနေလွတ်ဖို့ ထွက်ပြေးလာပါတယ်။ Bethany တို့လည်း ဂရုဏာသက်မိပြီး ခိုလှုံခွင့်ပေးရာကနေ မိန်းကလေးကို သံယောဇဉ်တွယ်မိပြီးကလေးမွေးလာရင် Bethany တို့မွေးစားမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ကိစ္စတေွကထင်သလိုမရိုးရှင်းဘဲ Bethany တို့ရဲ့စိတ်နှလုံးကောင်းတာကို အခွင့်ကောင်းယူပြီး အလွဲသုံးစားလုပ်ချင်တဲ့မသမာသူတွေပေါ်လာတဲ့အခါ…