ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါသူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး “Mumbai Stunners” ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီးတခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက “ဖိလစ်ပိုင်စတားများ” ဆိုတဲ့ အဖွဲ့ကို ကူးချတယ်ဆိုပြီးထောက်ပြလိုက်ချိန်မှာတော့ အရှက်တကွဲအကျိုးနည်းဖြစ်သွားပါတော့တယ်နောက်ဆက်တွဲအနေနဲ့ အလုပ်နဲ့ ပတ်ဝန်းကျင်မှာပါ ရှုံ့ချလှောင်ပြောင်ခံရတဲ့ သူတို့တွေ နောက်တစ်ကြိမ် ကြိုးစားဖို့ ကြံပါတော့တယ်ဒီတစ်ခါကတော့ အမေရိကန်နိုင်ငံ Las Vegas က နိုင်ငံတကာ ဟစ်ဟော့ပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ဖို့ဖြစ်ပြီး အရက်သမားဖြစ်နေတဲ့ပထမကားက ပြန်ပါတဲ့ အကဆရာကြီး ဗစ်ရှနူကို အပူကပ်ပါတော့တယ်သူတို့တွေရဲ့ အိပ်မက်မြို့ Las Vegas ကို အရောက်သွားနိုင်မလား ဇာတ်လိုက်ကျော် ဗစ်ရှနူနဲ့ ဘယ်လို ညှိကျမလဲဆိုတာကြည့်ရှုခံစားပေးကြပါဦးProduction design နဲ့ Choreography အသားပေး ဇာတ်ကားဖြစ်လို့ ကြည့်ပျော်မှာပါ