The Visitor from the Future HD

The Visitor from the Future

Comedy Adventure Science Fiction HD 2022-09-07 6.476 102 Min

Aliceဟာ ဆုံးပါးသွားတဲ့အမေလို ကမ္ဘာကြီးကို ကာကွယ်ချင်သူဖြစ်ပြီးတော့ သူမအဖေဖြစ်သူAlibertတည်ဆောက်မဲ့ နူကလီးယားဓာတ်ပေါင်းဖိုစက်ရုံတစ်ခုကိုတားဆီးချင်နေသူပါ။Alibertကို တားဖို့ကြိုးစားနေရင်းနဲ့ အနာဂတ်ကရောက်လာတဲ့ Foxဆိုတဲ့လူဟာ Alibertနဲ့Aliceကို အနာဂတ်၂၅၅၅နှစ်ဆီကို ခေါ်သွားပြခဲ့တယ်။အနာဂတ်မှာ Alibertတည်ဆောက်ခဲ့တဲ့ နူးကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲသွားမှုကြောင့် လူတွေက ဓာတ်ရောင်ခြည်သင့်ပြီးတော့ ဇွန်ဘီတွေဖြစ်သွားကြပြီးကမ္ဘာပျက်ကိန်းကို ကြုံတွေ့ခဲ့ရတယ်။ Fox ဟာအချိန်နောက်ပြန်ခရီးသွားပြီးတော့ ကမ္ဘာပျက်ကိန်းကို တားပြီး လူတွေကို ကယ်တင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့အချိန်နဲ့အာကာသကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အချိန်ရဲတွေကြောင့် အမြဲကျရှုံးနေခဲ့တယ်။ဒါကြောင့်မို့ ကမ္ဘာပျက်ကိန်းရဲ့ အဓိကတရားခံ Alibertကိုသတ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ Aliceဟာ သူ့အဖေစိတ်ပြောင်းသွားအောင် လုပ်ပေးမယ်လို့ Fox ကိုကတိပေးခဲ့ပါတယ်။Alibertကို နူးကလီးယားဓာတ်ပေါင်းဖိုစက်ရုံမတည်ဆောက်ဖို့ ဖျောင်းဖြနေချိန်မှာအချိန်ရဲတွေကလဲ Foxကိုလိုက်လံဖမ်းဆီးနေတော့တယ်။Aliceတစ်ယောက် သူ့မအဖေကိုဖျောင်းဖြပြီးတော့ ကမ္ဘာပျက်ကိန်းကို တားဆီးနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး