Ravi Bopanna HD

Ravi Bopanna

Crime Drama Thriller HD 2022-08-12 8.5 123 Min

Ravi Bopannaဇာတ်ကားမှာတော့ Ravi Bopannaဟာ အငြိမ်းစားယူထားတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပေမဲ့ အရည်အချင်းရှိတာကြောင့် ရဲဌာနကအမှုတွေဖြေရှင်းဖို့အတွက် Ravi Bopannaအကူအညီကိုယူနေရတုန်းပဲဖြစ်တယ်။ဒါပေမဲ့Ravi Bopannaကတော့ ဇနီးဖြစ်သူSpoorthyနဲ့ကွာရှင်းပြီးကတည်းကအရက်ပုလင်းတွေနဲ့ဘဲ ဘဝကိုရှင်သန်နေသူဖြစ်တယ်။တစ်နေ့မှာတော့Spoorthyတစ်ယောက် ကားမတော်မဆဖြစ်ကာ ဦးနှောက်သေသွားတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရပါတယ်။ဦးနှောက်သေသွားတာကြောင့် Spoorthyရဲ့ကိုယ်အင်္ဂါတွေကို လှူဒါန်းဖို့ဆုံးဖြတ်လိုက်ကြောင်း Spoorthyရဲ့ခင်ပွန်းဖြစ်သူBharatက Ravi Bopannaကို အသိပေးခဲ့တယ်။Ravi Bopannaတစ်ယောက်ကတော့ Spoorthyအပေါ်အပြစ်ရှိစိတ် အမြဲခံစားနေရတာကြောင့် Spoorthyကိုကားနဲ့တိုက်ပြေးသွားတဲ့လူကို စုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။Spoorthyရဲ့ မတော်မဆမှုကို စုံစမ်းနေရင်းနဲ့ Ravi Bopannaတစ်ယောက်ဟာ Spoorthyဟာမတော်မဆကားတိုက်ခံရတာမဟုတ်ဘဲနဲ့ အသတ်ခံလိုက်ရတာမှန်းကို သိသွားခဲ့ပါတယ်။Spoorthyသေဆုံးမှု နောက်ကွယ်မှာ ထိပ်လန့်စရာရာဇဝတ်မှုကြီးရှိနေမှန်း Ravi Bopannတစ်ယောက်သိလိုက်ချိန်မှာ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။Ravi Bopannaတစ်ယောက် Spoorthyကိုသတ်သွားတဲ့ လူသတ်တရားခံတွေကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။