၁၉၈၄ အန်ဒရာပရာဒတ်ရှ်ပြည်နယ်ရဲ့ မြောက်ပိုင်းကမ်းခြေတစ်နေရာက ဘုရားကျောင်းဗိမာန်တော်မှာနေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး ဘာရက်ဒ်ဝါဂျာဆက်စ်ထရီအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းပါ။အရှင်သျှီ၀ကို ဆည်းကပ်ယုံကြည်ပြီး သူ့တဘ၀လုံးကို အရှင်သျှီ၀အတွက်သာသနာပြုနေတဲ့ဘုန်းတော်ကြီး ဆက်စ်ထရီ။သူနဲ့မိသားစု အတူနေထိုင်ရာ ဘုရားကျောင်းက ရွာထဲကသူဌေးအမွေရပိုင်ခွင့်ထဲမှာပါလာတဲ့အခါမှာတော့တရားရုံးမှာ ဘုရားကျောင်းကိုပိတ်ပစ်မယ့်အရေးကနေ ကာကွယ်ရပါတော့တယ်။ဘုရားကျောင်းနဲ့ မလှမ်းမကမ်းမှာနေတာကတော့ သုဘရာဇာယစ်ထုတ်ကြီးတို့လင်မယားပါ။အချိန်ပြည့်မူးနေပေမယ့် မိန်းမကို ကြင်ကြင်နာနာနဲ့ ရှာဖွေကျွေးမွေးနေတဲ့သူ။ဘုန်းတော်ကြီးရဲ့ ကလေးတွေ စားစရာမလုံလောက်လို့ငိုယိုဂျီကျနေသံကြားနေရတော့ ယစ်ထုတ်ကြီးကတွေးတယ်“သူတို့တွေ ဘုရားရှိခိုးရင်း ငတ်နေကြပြီ ငါတို့ကတော့ အလောင်းတွေမြေမြှုပ်ပေးရင်း စားသောက်နေကြတာတကယ်တော့ ဘုရားထက် အလောင်းတွေကမှငါတို့ကို ထမင်းကျွေးထားသေးတယ်” ဆိုပြီး။ဒီလိုမျိုးရိုးဇာတ် အနိမ့်အမြင့်တွေကြားက ကွာဟမှုတွေ၊လူ့ဘောင်လူလောကကြားက မညီမျှမှုတွေကိုမီးမောင်းထိုးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။