Welcome to Redville ရုပ်ရှင်ကားက ၂၀၂၃ ခုနှစ်ထွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့မင်းသားရော မင်းသမီး ၂ လက်လုံးက အချောတွေပဲ ဖြစ်တာမို့ ကြည့်ရတာနောင်တရမဲ့ကားမျိူးထဲ မပါ ပါဘူး။ဇာတ်လမ်းကျောရိုးလေးကတော့ အရမ်းချစ်ကြတဲ့ မိဘမဲ့ဂေဟာမှာတူတူကြီးပြင်းလာကြတဲ့ အတွဲတစ်တွဲ ဒုက္ခတွေရင်ဆိုင်ရလို့ ဖြေရှင်းဖို့အတွက်စိန်ဆိုင်တစ်ခုကို ဓားပြတိုက်ခဲ့ကြပါတယ်။ ဓားပြတိုက်တာအဆင်မပြေဖြစ်သွားခဲ့လို့ရဲတွေလိုက်လို့ ပြေးရတဲ့အခါမှာ ကြံမိရာကြံပြီး လွတ်မြောက်သွားခဲ့ကာ Redville ဆိုတဲ့မြို့ငယ်လေးတစ်ခုမှာ ခဏတာပုန်းခိုရဖို့ ဖြစ်လာပါတယ်။ အဲ့ဒီ Redvilleဆိုတဲ့မြို့ငယ်လေးက မြေပုံမှာတောင် မရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်။ သေးလွန်းလို့မြေပုံမှာ မရှိတာလား တခြားအကြောင်းရင်းတွေ ရှိဦးမလား ဇာတ်လိုက်ကျော်အတွဲတို့အဲ့မြို့ရောက်တဲ့အခါမှာဘယ်လိုဟာတွေကို ကြုံတွေ့မှာလဲ အဲ့ဒီအချိန်မှာပဲ နောက်ထပ်ပြစ်မှုကျူးလွန်ဖို့ အခွင့်အခါက ကြုံသင့်လာတော့ ဘယ်လို ဆုံးဖြတ်မှာလဲအေးအေးချမ်းချမ်းကော လွတ်မြောက်နိုင်မှာလား အဆုံးသတ်ကြရင်ဇာတ်ကားတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်သိမ်းက ဘာဖြစ်မလဲဆိုတော ခန့်မှန်းဖို့ခက်တဲ့ဇာတ်ကားလေးတစ်ခု ဖြစ်လို့ ကြည့်ရှုကြဖို့ အကြံပေးလိုက်ပါတယ်နော်