The Last Descent HD

The Last Descent

Drama HD 2016-09-16 7.135 105 Min

ဂျွန် နဲ့ သူ့မိသားစုတို့ အားလပ်ရက် မွေးရပ်မြေကို ပြန်တဲ့အချိန်မှာ Adventureထွက်ရတာကို သဘောကျတဲ့ ဂျွန် နဲ့ သူ့အကိုတို့ အစိုးရဘက်က အန္တရာယ်ရှိတယ်လို့ ယူဆပြီး 2 နှစ်ကြာပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့တဲ့ Nutty Putty ဂူထဲကိုဝင်ပြီး စွန့်စားခန်းဖွင့်ဖို့ရာ ဖြစ်လာပါတော့တယ်။ အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်ဆိုသလိုပဲ ဂျွန်နဲ့ သူ့အစ်ကိုတို့နှစ်ယောက်သား သွားရင်းသွားရင်းနဲ့မြေပုံထဲတောင်မပါပဲ ဂူရဲ့အနက်ဆုံးအပိုင်းထဲထိရောက်သွားပြီး ဂျွန်တစ်ယောက်လျှိုတစ်ခုထဲကို အမှတ်မထင်ဆင်းမိသွားရာကနေ အခန့်မသင့်ပဲ ဘယ်လိုမှ ပြန်မထွက်နိုင်ဖြစ်သွားပါတော့တယ်။အတိုချုံးပြောရရင်တော့ သာမာန်ကယ်ဆယ်ရေးကားမျိုးဆိုပေမယ့် ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်လို့ အတော်လေးစိတ်ဝင်စားဖို့ရော ဝမ်းနည်းဖို့ရော တော်တော်ကောင်းပါတယ်။ အဲတော့ ဂျွန်တစ်ယောက် ဂူထဲကနေ အသက်ရှင်လျှက်ပြန်ထွက်နိုင်ပါ့မလား ဂျွန်ကိုဘယ်လိုကယ်ထုတ်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။