ဇာတ်အိမ်အဆန်းလေးမှကြိုက်တတ်တဲ့သူတွေအတွက်ငြိမ့်ငြိမ့်လေးနဲ့ဆန်းဆန်းလေး ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။တိုက်ခန်းတွဲတစ်ခုမှာ တစ်ယောက်တည်းအိမ်ငှါးနေထိုင်တဲ့ ‘ဟန်ဂျီဆူး’ဆိုတဲ့မိန်းကလေးကသာမန်ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်ကိုင်ပြီး အများအမြင်မှာလည်း သူလိုကိုယ်လိုလူတစ်ယောက်ပါ။ဒါပေမယ့် သူ့မှာလူသိမခံနိုင်တဲ့ မကောင်းတဲ့အကျင့်ဆိုးတစ်ခုရှိနေတာပါ။အဲဒီသူ့ရဲ့မကောင်းတဲ့ဉာဉ်ဆိုးနဲ့ပဲ တိုက်ခန်းတွဲက လူတစ်ယောက်ချင်းစီရဲ့ အကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်တတ်ပါတယ်။ဒီလိုပဲနေ့စဉ်ဖြတ်သန်းလာရင်းနဲ့ တစ်နေ့မှာ ဘေးခန်းကို ချောမောတဲ့ကောင်လေးတစ်ယောက်ပြောင်းလာတဲ့အခါ စိတ်ဝင်စားမိပါတော့တယ်။ဒီလိုနဲ့ ‘ဝူဂျယ်’ဆိုတဲ့ အနေအေးတဲ့ကောင်လေးနဲ့လျို့ဝှက်ချက်ပိုင်ရှင်ကောင်မလေး ‘ဟန်ဂျီဆူး’ တို့နဲ့ ဘယ်လိုတွေအနေနီးစပ်သွားကြမလဲသူ့ရဲ့လူသိမခံနိုင်တဲ့ အကျင့်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျောကြည့်ရှုနိုင်ပါပြီနေ်