The Queenstown Kings HD

The Queenstown Kings

Drama HD 2023-11-17 5.1 137 Min

မိဘတစ်ယောက်ဖြစ်လာရင် ကိုယ်ရဲ့သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့လမ်းကို လျှောက်ခိုင်းမလား သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်အတိုင်း လျှောက်ခွင့်ပေးမလားဆိုတာ ဒီကားကို ကြည့်လိုက်ရင် စဉ်းစားစရာအတွေးတစ်ခုဝင်လာမှာပါ။ဇာတ်လမ်းက အာဖရိကနယ်မြို့လေးရဲ့ကွင်းစတောင်းကင်း ဘောလုံးအသင်းနဲ့ဆက်စပ်ပြီး ပုံဖော်ထားတာပါ။ အာဖရိကရဲ့နာမည်ကျော်ဘောလုံးသမားတယ်ရာက ငယ်ရွယ်စဉ်မှာ ဇနီးနဲ့သားကိုထားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်။ ငယ်ရွယ်စဉ်က ငွေကိုတပ်မက်ပြီး အဖေဖြစ်သူအမ်ကူလူရဲ့စကားကိုနားမထောင်ဘဲ ထွက်လာခဲ့တယ်။ တယ်ရာရဲ့သားကို အဘိုးအဘွားနဲ့ဦးလေးတို့က ပျိုးထောင်ပေးခဲ့လို့ အဖေဖြစ်သူ ငယ်ငယ်ကလို ခြေစွာတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တယ်ရာက မွေးရပ်မြေမှာနာမည်ကြီးပေမဲ့သူရဲ့မိသားစုက သူ့ကိုသဘောမကျကြဘူး သားဖြစ်သူရဲ့ အမုန်းဆုံးလူလည်းဖြစ်နေတယ်။ နောက်ပိုင်းမှာ တယ်ရာရဲ့အဖေအမ်ကူလူက ကွင်းထဲမှာ နှလုံးဖောက်ပြီးဆုံးပါးသွားရာက တယ်ရာတစ်ယောက် မွေးရပ်မြေကိုပြန်လာဖို့ အကြောင်းဖန်လာတဲ့အခါ…