Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလိုသတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေအလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန်တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ…ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ … နောက်ကြောင်းအလိမ်အညာဇာတ်ထုပ်ကြီးနဲ့သူ…သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်ကြမလဲ… ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ(စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီးအဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီးဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာကြည့်ရှုလိုက်ပါဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဂျရဲမီအဖြစ် မင်းသားကြီးVince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိသရုပ်ဆောင်သွားကြလဲဆိုတာပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲကဖခင်ကြီး Christopher Walken နဲ့ The notebookမင်းသမီးလေး Rachel McAdams တို့လည်းပါဝင်သရုပ်ဆောင်ထားကြပါတယ်။nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင်IMDb Rating 7 အထိရရှိထားတဲ့ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။