Leave No Trace HD

Leave No Trace

Drama HD 2018-06-29 6.783 109 Min

Leave no trace ရုပ်ရှင်ဟာဆုပေါင်းများစွာသိမ်းပိုက်ထားပြီး rotten tomatoes rating 100%အထိရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ် ပန်းခြံတစ်ခုရဲ့တောအုပ်ထဲမှာသားအဖနှစ်ယောက်သီးသန့်နေနေရာမှ မထင်မှတ်ထားတဲ့အမှားတစ်ခုကြောင့် တောခေါင်းတွေဖမ်းဆီးတာခံလိုက်ရပြီး လူမှုဖူလုံရေးအဖွဲ့ဆီကိုရောက်ရှိသွားပါတော့တယ်။ လူမှုဖူလုံရေးအဖွဲ့ကနေရာအသစ်တစ်ခုမှာအခြေကျဖို့စီစဉ်ပေးသောအခါ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ဖခင်ဖြစ်သူက နေရာအသစ်မှာနေထိုင်ရတာအဆင်မပြေဖြစ်လာပါတယ်။ထို့ကြောင့် သမီးဖြစ်သူကိုခေါ်ကာ သားအဖနှစ်ယောက်နေရာအသစ်ကနေ ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။သားအဖနှစ်ယောက် တောအုပ်ထဲကိုပဲ အဆင်ပြေပြေပြန်ရောက်သွားမလားဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။