Sindhooram FHD

Sindhooram

Unknown FHD 2023-01-24 7 0 Min

ရာဗီဆိုတဲ့ဘတ်မင်တံကစားသမားလူငယ်လေးဟာနိုင်ငံဂုဏ်ဆောင်အားကစားသမားဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်ပါ။တစ်နေ့မှာ သူချောက်တွန်းခံရပြီး ရဲစခန်းရောက်ကျောင်းထုတ်ခံရတဲ့အခြေအနေထိဖြစ်ခဲ့ပါတယ်။နောက်ပြီး သူ့တို့မိသားစုပိုင် လယ်ကွက်တွေလည်းမတရားအသိမ်းခံလိုက်ရပါတယ်။အဲ့စိတ်နဲ့ပဲ ရာဗီရဲ့အဖေဟာလည်းသေသွားခဲ့ပါတယ်။သူ့ဘဝကြီးအရာရာအဆင်မပြေဖြစ်နေတဲ့အချိန်မှာ လယ်ရှင်တွေကိုတော်လှန်ပြီး မရှိဆင်းရဲသားတွေအတွက်သက်သာချောင်ချိတဲ့ဘဝတစ်ခုရဖို့ လုံးပမ်းနေတဲ့ တော်လှန်ရေးကွန်မြူနစ်တွေက သူတို့အဖွဲ့ထဲဝင်ပြီးအမှန်တရားအတွက်တိုက်ခိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။အဲ့လိုနဲ့ရာဗီဟာကွန်မြူနစ်အဖွဲ့ထဲရောက်သွားခဲ့ပါတယ်။ရာဗီ့ဆုံးဖြတ်ချက်မှန်ရဲ့လား ကွန်မြူနစ်အဖွဲ့ကရောတကယ်စစ်မှန်ရဲ့လားဆိုတာကိုဇာတ်အိမ်ခိုင်ခိုင် ဇာတ်ညွှန်းကောင်းကောင်းလေးနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက လက်တွေ့ကျကျဇာတ်လမ်းလေးဆိုတော့ကြည့်ရတာအတော်အဆင်ပြေပါတယ်။