Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကိုကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူးတယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက်က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်းဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကိုကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်းအရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြောလည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက PatrickYauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie Toရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiကပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်းကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကိုWai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toကနောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာမရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကိုပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသားတွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် JohnnieToရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ်ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်းကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိသူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။