ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက် ရေလည်ဇာတ်နာတဲ့IMDb 9/10 ရထားတဲ့ တေလဂူးစကားပြော ရုံတင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆာချီတို့ရဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေပါတယ်။ဆာချီရဲ့ အဖေဟာ ဆံပင်ညှပ်ဆိုင်သေးသေးလေးဖွင့်ပြီး မိသားစုကို ရှာကျွေးနေသူပါ။သူတစ်ယောက်တည်းရဲ့လုပ်စာနဲ့ မိသားစု ထမင်းနပ်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက်ဆာချီ့အဖေက ခေါင်းကိုက်ရောဂါ တဖြည်းဖြည်းစွဲလာတာတောင် ဆေးခန်းမပြနိုင်ခဲ့ပါဘူး။နောက်ဆုံး အိပ်ရာထဲ ဗုန်းဗုန်းလဲသွားချိန်မှာတော့ သူတို့မိသားစုရဲ့ တာဝန်အလုံးစုံဟာဆာချီ့ပခုံးပေါ်ကို လုံးလုံးလျားလျား ကျရောက်လာတဲ့အတွက် ဆာချီတစ်ယောက်သူ့အဖေရဲ့ ဆံပင်ညှပ်ဆိုင်လေးကို လက်လွှဲယူလိုက်ရပါတော့တယ်။မိသားစုရဲ့ အခက်အခဲတွေကို ဆာချီဖြေရှင်းနိုင်မှာလား၊ ရွာမှာ လူတွေပျောက်နေတာဘာကြောင့်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပဟေဠိတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်…။