Blessed Boys HD

Blessed Boys

Comedy Drama Romance HD 2021-09-08 6.969 99 Min

ဒီဇာတ်ကားလေးကတော့ အချိန်တစ်နာခွဲအတွင်း အပြောတွေရောအပြတွေရော တွေးစရာတွေပါ အများကြီးထည့်ထားတဲ့ကားလေးပါ။လီနိုတို့မိသားစုသုံးယောက်ရယ် သူငယ်ချင်းဖြစ်သူမာရီယိုရယ် ချစ်သူမမယ်သူငယ်ချင်းထပ်ပိုတဲ့ကောင်မလေး အက်စီရယ် အားလုံးပေါင်းဇာတ်ကောင်ငါးယောက်အဓိကပါပါတယ်။ သူတို့အားလုံးဟာ အီတလီ၊နေပယ်မြို့က ပျံကျနေရာလေးမှာ နေထိုင်ကြပါတယ်။ အားလုံးဟာကျောင်းနေအရွယ်ပေမယ့် ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကိုထမ်းနေကြသူပါ။လီနိုအနေနဲ့လည်း ပိုက်ဆံကို အလုပ်လုပ်ပြီးပဲရရ ရုပ်ပြစားပြီးပဲရရရှာရင်းအိမ်စရိတ်ကို အနိုင်နိုင်ပေးနေရသူပါ။ တစ်ချိန်မှာတော့ လီနိုရဲ့ညီမလေးအန်နာလာဟာ ထူးဆန်းအံ့ဖွယ်တန်ခိုးပြတယ်ဆိုပြီး ဒေသခံကတ်သလစ်ဘာသာဝင်တွေအကြားရေပန်းစားသွားပြီး ဘုရားဝတ်ပြုဆုတောင်းဖို့ အိမ်ကိုလာရောက်သူတွေများလာပါတယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းကြားမှာ ဒီဇာတ်ကောင်ငါးယောက်ဟာ ဘယ်လိုတွေ ကပြကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ မိသားစုဒရာမာ၊ ဘာသာရေး၊ LGBTစတဲ့ genreတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်ကောင်စရိုက်နိုင်နိုင်တဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။