Fallen Angels HD

Fallen Angels

Action Crime Romance HD 1995-09-06 7.7 98 Min

Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ RoyalTramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ်ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်းအချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကိုရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။