အဲဒီခံစားချက်ကိုအားလုံးလည်းသိကြမှာပါ ကိုယ်နဲ့လုံးဝမသိတဲ့သူစိမ်းတစ်ယောက်ဆိုပေမဲ့ သူနဲ့မျက်လုံးချင်းဆုံမိသွားတာနဲ့အချိန်တွေနှေးသွားသလို ခံစားချက်မျိုးပေါ့၊ ပြီးတော့ ဘာမှမဖြစ်သလိုမျိုး ကျောခိုင်းပြီး ကိုယ်စီထွက်သွားလိုက်ကြတယ်။ ဒီလိုအဖြစ်အပျက်မျိုးက Pelin နဲ့ Engin တို့ ပထမဆုံး စဆုံတွေ့တဲ့အချိန်မှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့မနက်လည်းရောက်ရော နှစ်ယောက်စလုံး တစ်အိပ်ယာထဲမှာ နိုးလာခဲ့ပါတယ်။ပြီးတော့ သူတို့ကလက်ထပ်ပြီးသွားပြီ အချိန် ၂ နှစ်တောင် ကြာသွားပြီတဲ့၊ ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်..မဟုတ်ဘူး..အိပ်မက်ဆိုးတစ်ခုပဲ..အခုတော့ သူတို့ချစ်မိမှပဲနိုးထနိုင်တော့မှာ…..