The Kerala Story HD

The Kerala Story

Drama HD 2023-05-05 4.2 138 Min

အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ အဖမ်းခံထားရတဲ့ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ဝင်အမျိုးသမီးဟာစစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေပါတယ်။သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ်အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်ကရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင်လုပ်တဲ့အထိအိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီးစိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တိုဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့အတွေးအခေါ်တွေကိုဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာပါ…။