အမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့စာအုပ်လေးကို ရတယ်။စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆိုအခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ရဲစခန်းရောက်လာကြတယ်။အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ရဲဖမ်းခံရတဲ့ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ဆထရီယိုက နာတာရှာကိုစိတ်ဝင်စားတာနဲ့ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကိုတွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲနာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြားဘယ်လိုတွေဆက်ဖြစ်ကြမလဲ…လူငယ်တွေဆိုတာကကိုယ်စတင်ထားတဲ့အရာတစ်ခုကိုပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆိုအောင်မြင်အောင်လုပ်နိုင်ပါတယ်။ဆိုတော့ ဆထရီယိုတစ်ယောက်ဘွိုင်းကိုရောနာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင်ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကိုလှပတဲ့အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာမတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါအတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။သွေးသားရင်းချာမဟုတ်ကျတဲ့ သူငယ်ချင်းတွေတောင်မှအချင်းချင်းဖေးမရင်း၊ မေတ္တာထားကြရင်းဆိုရင်“မြိန်ရာဟင်းကောင်း၊ ခင်ရာ ဆွေမျိုး” ဆိုတဲ့အတိုင်းမိသားစုတွေ ဖြစ်လာကြမှာပါပဲ။ဒီဇာတ်ကားလေးမှာ ခုပြောပြနေတဲ့အကြောင်းတွေခံစားကြရမှာ ဖြစ်ပါတယ်မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေဖော်ကျူးရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်“Boy’s Diary” ဆိုတဲ့ အင်ဒိုနီးယားဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါပြီ၊ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။