ဆိုရှယ်မီဒီယာပေါ်မှာ ရူးသွပ်နေကြ၊ Viewers တက်ဖို့အတွက်နဲ့ ကြက်ပေါင်ဖိနပ်ကိုတောင်အချဉ်ရည်နဲ့ တို့စားပြနေတဲ့ ဒီခေတ်ကြီးမှာ အဲဒီလိုဖြစ်ရပ်တွေကိုမီးမောင်းထိုးပြထားတဲ့ဗီယက်နမ်ရုပ်ရှင်တစ်ခု တင်ဆက်ပေးချင်ပါတယ်။Muck Live ဆိုတဲ့ အစီအစဉ်က ဖော်လိုဝါ နည်းနည်းပါးပါးရှိတဲ့ ဆယ်လီယောင်ယောင်တွေLive လွှင့်ပြီး အစားအသောက်တွေ နင်းကန်စားပြတဲ့ အစီအစဉ်ပေါ့။အဲဒီအစီအစဉ်ထဲက ဆယ်လီတွေဟာ လူမျိုးစုံ၊ စရိုက်မျိုးစုံဖြစ်ကြပေမဲ့အားလုံးတူညီတာတစ်ခုကတော့ပိုက်ဆံရဖို့အတွက် ဘာမဆို လုပ်ပြချင်စိတ်ရှိနေကြတာပါ။ဒီရုပ်ရှင်ကိုကြည့်နေရင်း အကုသိုလ် ခုနစ်ပါးထဲက အစားကြူးခြင်းဆိုတဲ့အကုသိုလ်ကို မြင်အောင်ပြထားတာလားလို့ အတွေးဝင်စေနိုင်တဲ့ထိလူတွေရဲ့ သောက်တလွဲ စွဲလမ်းမှုတွေနဲ့ အဲဒီစွဲလမ်းမှုတွေကနေအမြတ်ထုတ်နေတဲ့သူတွေအကြောင်းကို ဒီရုပ်ရှင်က ပုံဖော်ပြထားပါတယ်…။