2022 ကထွက်ရှိထားပြီး စီးပွားရေးအထိကရုဏ်းတွေကြားက အမေတစ်ယောက်အကြောင်းနဲ့ လူတိုင်းကိုကူညီတတ်တဲ့ အလီဆိုတဲ့လူတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ Dramaကားလေးတစ်ကားပေါ့ဇာတ်လမ်းအညွန်းကိုပြောရရင်တော့ အလီက အကြောင်းတစ်ခုကြောင့် မျက်လုံးကန်းခါနီးအခြေအနေကို ရောက်သွားရတဲ့ လူတစ်ယောက်ပါ။ သူဟာ အဲဒီအခြေအနေကြောင့်ပဲ စိတ်ဓာတ်တွေကျပြီးကိုယ့်ကိုကိုယ်သ-တ်သေဖို့ ကြိုးစားနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒါပေမဲ့ ထိုသို့သ-တ်သေဖို့ကြိုးစားတာ မအောင်မြင်ခင်မှာပဲ အဓိကရုဏ်းကိစ္စတွေကြောင့်ထွက်ပြေးလာတဲ့အမျိုးသမီးတစ်ယောက်က သူ့အခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပါပဲ ထို့နောက် ထိုအမျိုးသမီးက သူ့ကို ရဲတွေလိုက်ဖမ်းလို့ပြေးရတဲ့အကြောင်း, သူ့ရဲ့သားလေးကလဲရဲတွေသူ့ကိုဖမ်းတုန်းက လမ်းမှာပျောက်ကျန်ခဲ့ကြောင်းပြောတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်သာ သ-တ်သေဖို့ကြိုးစားနေပေမယ့် တခြားသူတွေဒုက္ခရောက်တာကို လုံးဝမကြည့်နိုင်တဲ့ လူကောင်းကြီးအလီကမျက်လုံးမမြင်လျက်ကြီးနဲ့ပဲ ထိုအမျိုးသမီးကို အမျိုးမျိုးကူညီဖို့ကြိုးစားတော့တာပါပဲ။ဒီလိုနဲ့ … ထိုအမျိုးသမီးကရောဘယ်သူလဲ? ဘာလို့ သူ့အခန်းထဲကိုမှရောက်လာခဲ့ရတာလဲ?… အလီကရော သူမျှော်လင့်ထားသလိုကူညီနိုင်မှာလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။