Taste of Cherry HD

Taste of Cherry

Drama HD 1997-09-28 7.6 99 Min

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာအဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင်အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင်အောက်ကို ရွေးချယ်ထားတဲ့လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ထိုလူလတ်ပိုင်းအရွယ်မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကိုကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေးအမြောက်အများပေးဖို့စီစဉ်ထားပါတယ်။သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကိုသူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။မစ္စတာဘာဒီး နဲ့ကားလိုက်စီးရတဲ့သူတိုင်းဟာချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ်ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။လုပ်ရမယ့်အလုပ်ကမစ္စတာဘာဒီးအနေနဲ့အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းကလှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင်သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာစစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့တွေ့ဆုံပြီးကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့်တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာလမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့်မစ္စတာဘာဒီးရဲ့သတ်သေလိုတဲ့အကြောင်းရင်းနဲ့ပြဿနာကိုအဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကိုမေးခွန်းများစွာနဲ့ အတွေးများစွာထင်ကျန်စေမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။