ဒီဇာတ်လမ်းမှာတော့ ဂယ်ရက်ဆိုတဲ့လူတစ်ယောက်က အွန်လိုင်းချက်တင်ခန်းတွေက ကလေးလိင်အမြတ်ထုတ်သူတွေလူကုန်ကူးသူတွေကိုဖော်ထုတ်နိုင်ဖို့ ချယ်ရီဆိုတဲ့ ကလေးလေးပုံစံဥာဏ်ရည်တုကိုဖန်တီးခဲ့ပါတယ်။ချယ်ရီက ချက်တင်ခန်းတွေမှာဒီလူတွေနဲ့စကားပြောပြီး သံသယရှိစရာလူတွေဆိုရင် သူတို့အချက်အလက်တွေကို တာဝန်ရှိသူတွေဆီပို့ပေးတာပေါ့။ဒါပေမဲ့တဖြေးဖြေးချယ်ရီ့ရဲ့တိုးတက်မှုတွေက ဂယ်ရက်ထင်ထားတာထက်အများကြီးပိုမြန်ဆန်ပြီးသူတို့ကိုကူညီပေးဖို့ ICWL ဆိုတဲ့အဖွဲ့အစည်းကို ချယ်ရီက ဂယ်ရက် မသိအောင် ဆက်သွယ်လိုက်တဲ့နောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲချယ်ရီ့တိုးတက်မှုကဘယ်အတိုင်းအတာထိသွားမလဲဥာဏ်ရည်တုက လူသားဥာဏ်ရည်ကိုကျော်သွားတဲ့တစ်ချိန်ဘာဖြစ်ကြမလဲစိတ်ဝင်စားစရာပါ။သေချာတာကတော့ ကြည့်ရှုသူပရိသတ်ကိုအတွေးတွေအများကြီး ချန်ရစ်ပေးနိုင်မယ့်ဇာတ်လမ်းကောင်းပါပဲ