Papillon HD

Papillon

Drama HD 2017-09-07 7.343 134 Min

Papillon(2018) ဟာ ၁၉၇၃ခုနှစ်က Papillonကိုအသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Papillon and Bancoကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာတောင်အမေရိကမှာအလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။Papilloဟာ ထောင်ထဲစရောက်ကတည်းကထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက်ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့်နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။အရင်ဇာတ်ကားဟောင်းPapillon(1973ဟာလည်းလူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက်အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခုPapillon(2008)ကိုတော့အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေရုပ်ရှင်တွေများစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကိုဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့HninAmy Khine ပဲဖြစ်ပါတယ်…