ဇာတ်လမ်းကတော့ ဖူကွေ့ဆိုတဲ့လူကတော့ကိုယ့်ကိုယ်သရုပ်ဆောင်ပညာမှာထူးချွန်လှပြီလို့အထင်ကြီးနေတဲ့လူတစ်ယောက်ပေါ့။ဒါပေမဲ့လုပ်လိုက်တိုင်းအလွဲလွဲအချော်ချော်နဲ့ဖြစ်နေခဲ့တယ်။တစ်နေ့မှာတော့ သူ့သူငယ်ချင်းရဲ့ဂျင်းထည့်တာကိုခံခဲ့ရပြီးထိုင်းကိုအလည်အပတ်ရောက်သွားခဲ့တယ်။အဲ့အချိန်မှာတော့ ထိုင်းမှာစိုးမိုးခြယ်လှယ်နေတဲ့ဂေါင်ကြီးကရတနာရှိတဲ့မြေပုံကိုအရယူခဲ့တယ်။အဲ့မြေပုံကိုအရယူဖို့ ကြိုးစားနေတဲ့လူတွေလူဆိုးဂိုဏ်းနဲ့ထိပ်တိုက်တိုးခဲ့ပေမဲ့ ဖူကွေ့ကတော့အကုန်လုံးကိုရိုက်ကွင်းနေရာ သရုပ်ဆောင်လို့ထင်နေပြီးတော့ သူ့သရုပ်ဆောင်စွမ်းရည်ကိုထုတ်သုံးပြခဲ့တာပေါ့။ ဒီလိုနဲ့ပဲအလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုတွေရှေ့ဆက်ကြမလဲ။ဘယ်လိုတွေဆက်ဖြစ်လာမလဲစတဲ့ဟာသပြက်လုံးတွေနဲ့အတူတူစိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အတူတူကြည့်ရူလိုက်ရအောင်