Florence Foster Jenkins HD

Florence Foster Jenkins

Comedy Drama HD 2016-05-06 6.661 110 Min

ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာလက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာသူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိအားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ခန့်ဆန့်တဲ့ နာမည်ရခန်းမတစ်ခုဖြစ်တဲ့ ကာနေဂီဟောလ်မှာဖျော်ဖြေရမယ့်အခွင့်အရေးကိုလိုချင်ပေမယ့် လှောင်ပြောင်နှာခေါင်းရှုံ့မယ့်သူတွေနဲ့ အဖြစ်ဆိုးကြီးကို ကြိုမြင်နေသူ ကော့စမီးမက်မွန်းအနေနဲ့ စိတ်မသက်သာစွာပဲ သဘောတူခဲ့ပါတယ်။လေဒီဖလောရန့်စ်ကိုယ်တိုင်ကလည်းတိုင်းပြည်အတွက် အနစ်နာခံပေးခဲ့သူ စစ်သားတွေကိုဒီဖျော်ဖြေပွဲကို တက်ရောက်နိုင်ဖို့ လက်မှတ် ၁၀၀၀လှူဒါန်းခဲ့ပါတယ်။ဂီတပွဲကလည်း မထင်မှတ်ထားဘဲနာမည်ကြီးတွေပါ တက်ရောက်အားပေးခဲ့ပြီးသောက်စားလာတဲ့အရှိန်ကြောင့် ရော နာမည်ကြီးမင်းသမီးတွေကိုပါ တွေ့ရလို့ အပျော်လွန်နေတဲ့စစ်သားတွေဟာ မဒမ်ဖလောရန့်စ်ရဲ့ဖျော်ဖြေမှုကိုဟားတိုက်လှောင်ပြောင်စော်ကား လာခဲ့ပါတော့တယ်။မဒမ်ဖလောရန့်စ်ရဲ့ ဂီတအပေါ်ရှုးသွပ်မှုကိုလောင်စာပေးခဲ့သူ စိန့်ကလဲရ်ကပဲ ဒီအဖြစ်ဆိုးရဲ့တရားခံလား။ရိုးသားမှုမရှိဘဲငွေမျက်နှာကြောင့် မဒမ်ဖလောရန့်စ်အပေါ်အကဲဖြတ်ကောင်းတွေ ပေးခဲ့သူတွေ၊ချီးကျူးခဲ့သူ အပေါင်းအသင်းတွေကပဲ တရားခံလား။ဘယ်လိုပဲဖြစ်ဖြစ် ဂီတအပေါ်ရိုးသားစွာခုံမင်မိသူမဒမ်ဖလောရန့်စ်အနေနဲ့ နှလုံးသည်းပွတ်ကြွေမတတ်သီဆိုဖျော်ဖြေနေခဲ့တာတွေက အများအမြင်မှာ ရယ်စရာဟာသတစ်ခုလိုဖြစ်နေခဲ့တဲ့အဖြစ်မှန်တွေကိုသိပြီးသူထင်မှတ်ထားတဲ့ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာကိုနှစ်များစွာကြာမှ သိခဲ့ရပါတော့တယ်။အစစ်အမှန်ပဲဖြစ်ဖြစ် အတုအယောင်ပဲဖြစ်ဖြစ် မဒမ်ဖလောရန့်စ်အတွက်တော့သူမရဲ့ဂီတဘဝမှာလူတွေက သူ့ကို သီချင်းမဆိုနိုင်ဘူးလို့ ပြောလို့ရချင်ရမယ်၊ သီချင်းမဆိုခဲ့ဘူးလို့တော့ ပြောလို့မရပါဘူး။