Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ်ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာသူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet လေးတွေက ဒေါင်းန်ဘဝထဲကို ဘယ်လိုကောင်းချီးတွေပြန်လည်ယူဆောင်လာပေးမလဲ၊ အေဒမ်က သူ့ဘဝထဲကိုဘယ်လိုရောက်လာမလဲဆိုတာကို ဇာတ်ဝင်တေးငြိမ့်ငြိမ့်လေးတွေနဲ့အတူခံစားကြရမှာပါ။ ကျွန်တော်ကတော့ Hope ဆိုတဲ့ဇာတ်ဝင်တေးလေးကိုသဘောကျပါတယ်။