Afternoon Delight HD

Afternoon Delight

Comedy Drama HD 2013-08-30 5.799 95 Min

ပျင်းရိစရာကောင်းနေတဲ့ အိမ်ထောင်မှုဘဝကိုအပြောင်းလဲဖြစ်လိုဖြစ်ငြား အဖော်ချွတ်ကလပ်ကိုလင်မယားနှစ်ယောက်လုံး သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဇနီးဖြစ်သူ ရေချယ်တစ်ယောက်ကလပ်မှာလုပ်နေတဲ့မက္ကန်နာဆိုတဲ့ကောင်မလေးနဲ့ရင်းနှီးကျွမ်းဝင်ပြီးကောင်မလေးဒုက္ခရောက်တာနဲ့ကြုံကြိုက်ပြီးရေချယ်တို့ အိမ်အထိလာနေဖြစ်ရော။ပိုက်ဆံရရင်ဘာမဆိုလုပ်တဲ့ မက္ကန်နာဟာရေချယ်ရဲ့ကယ်တင်ခြင်းကနေသူ့ဟာသူသိမှန်းမသိပဲထွက်ပြေးနေမိတယ်။အလုပ်တွေပဲအမြဲတစေပိနေတဲ့ ယောက်ျားဖြစ်သူဂျက်ဖ်နဲ့စိတ်တွေကယောက်ကယက်ဖြစ်နေတဲ့ ရေချယ်တို့လိင်မှုဆက်ဆံရေးကတော့ ဘာမှထူးမလာခဲ့ပါဘူးပတ်ဝန်းကျင်မှာစိတ်အဆင်ပြေချင်ယောင်ဆောင်နေရတဲ့ရေချယ်တစ်ယောက်ဘယ်တော့ပေါက်ကွဲထွက်မယ်မသိတဲ့အစိုင်းခဲကြီးကိုပိုက်ပြီးနေလာခဲ့ရာမှအကြောင်းတရားတွေတိုက်ဆိုင်သွားတဲ့အခါကွဲထွက်လွင့်စင်ကုန်ပါတော့တယ်။ရုပ်ရှင်ဟာအမျောပုံစံဖြစ်ပြီး အေးအေးဆေးဆေးပေါ့ပေ့ါပါးပါး ရယ်မောစွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။