အသစ်စက်စက်ထွက်ထားတဲ့ Butch Cassidy and the wild bunchဟာဆိုရင်ဖြင့် အရင် cowboy ခေတ်မှာဇာတ်လမ်းတည်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကြည့်နေရင်းတန်းလန်းနဲ့တင်ပဲမသိရင် အရင်ခေတ်က ရိုက်ခဲ့တဲ့ ကားလို့တောင်ထင်ရလောက်အောင် ကောင်းလှတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအသွားလေးကတော့ Butch Cassidy ဆိုတဲ့ လူလေးဟာသူ့ရဲ့မိဘအိမ်ကိုအကြွေးလာသိမ်းမယ်ဆိုတာကို ကြားခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဘဏ်ကိုသူ့သူငယ်ချင်းနဲ့ဓားပြတိုက်ခဲ့တယ်။ နောက် ၅နှစ်လောက်ကြာတဲ့အခါမှာတော့ သူဟာနာမည်ကြီးဓားပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဓားပြတိုက်လိုက်တဲ့ ရထားက လက်မှတ်ဖြတ်တဲ့လူကိုရုတ်တရက်သတ်မိသွားရာကနေပြီးတော့ Pinkertons လို့ခေါ်တဲ့ အဖွဲ့က စုံထောက်တွေကသူ့ကိုလိုက်လံရှာဖွေရာကနေ ဘယ်လိုတွေဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Butch Cassidyနေရာကိုတော့Ross Jirgl ကသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ CharlesSiringoနေရာမှာတော့ Jeffrey Combsက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်သင်ဟာ Actionကားတွေကိုကြိုက်နှစ်သက်တဲ့လူဆိုရင်တော့ဒီကားဟာကြည့်သင့်တဲ့ကားတစ်ကားပဲဖြစ်ပါတယ်