မိသားစုတစ်ခုမှာ ကလေးရှိတာက ရတနာလေးတစ်ခုပဲလို့ဆိုတတ်ကြတယ်။ တချို့အတွက်ကျလည်း ရတာ,နာ လေးတဲ့။ဒီဇာတ်ကားထဲက အေမီကတော့ တစ်ဦးတည်းသောသမီးဆိုတော့ ကလေးတွေအများကြီးနဲ့ သာယာတဲ့ မိသားစုတစ်ခုကိုမျှော်လင့်နေတဲ့သူပေါ့။ဒီတော့ သူအိမ်ထောင်ကျပြီးတဲ့အခါမှာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့သားသမီးတွေယူဖို့ အမျိုးသားဖြစ်သူ ဗစ် နဲ့ အားကြိုးမာန်တက်ကြိုးစားပါတော့တယ်။ ဗစ် ကတော့ ကလေးရရာလမ်းကြောင်းကို ဝင်ခလုတ် ထွက်ခလုတ်ဆက်တိုက်လျှောက်လှမ်းနေရတော့ရှယ်အကြိုက်တွေ့တာပေါ့။ဒါပေမဲ့ သနားစရာကောင်းတာက ဗစ်ခမျာ လချီကြိုးစားပေမဲ့ရင်သွေးလေးက ရမလာခဲ့ဘူး။ ဒီတော့ ကလေးရူးရူးနေတဲ့ အေမီအတွက် နောက်ဆုံးလက်နက်ဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားလေးလွယ်နိုင်ဖို့ ကြိုးစားကြပါတော့တယ်။ မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို ဆေးပညာရှု့ထောင့်ကနေရော ဟာသအမြင်လေးနဲ့ပါ တွဲဖက်ရိုက်ကူးပြထားတာမို့ ဇာတ်လမ်းအစအဆုံး ပျင်းမနေရဘဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့ရနိုင်မဲ့ ဇာတ်လမ်းမျိုးလေး ဖြစ်ပါတယ်။