Just call me nobody ဆိုတဲ့ ဒီဇာက်ကားလေးဟာဆိုရင်၂၀၁၀ခုနှစ်ကထွက်ရှိခဲ့ပြီး ကိုယ်ခံပညာနဲ့ ဟာသရောနှောထားသောဇာက်ကားလေးတစ်ကားပါ ဒီကားလေးကို ဒါရိုက်တာ Kevin Chuရိုက်ကူးထားပြီး castတွေ အနေနဲ့Xiao Shen Yang,Kelly Lin, Banny Chen, Zhao Benshan,Eric Tsang, Jacky Wu,Xiao Xiao Binတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်rating အနေနဲ့ သိပ်မကောင်းပေမဲ့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါဇာက်လမ်းအကျဉ်းချုပ်လေးကတော့ ရှေးဟောင်းတရုတ်ပြည်ကြီးမှာwu di(Xiao Shen Yang)ဆိုတဲ့ ဖိနပ်ချုပ်သမားလေးဟာအမေဖြစ်သူ(Chen Hui-chuen)နဲ့အတူတူနေထိုင်ပါတယ် ဒါပေမဲ့သူဟာ သိုင်းစာအုပ်တွေကိုလေ့လာလိုက်စားသူတစ်ပါ တစ်နေ့ wu diဟာအမျိုသမီးသိုင်းသမားတစ်ယောက်Yoelou(Kelly Lin)ရဲ့ ဖိနပ်ကို ပြင်ပေးခဲ့ပြီးနောက် သူမကို ရန်သူတွေလက်ထဲကနေကယ်ခဲ့ပါတယ် အဲ့ဒီနောက်သူမက wu diကိုကျေးဇူးတင်ခဲ့ပြီး သူမရဲ့ အကူအညီကိလိုရင် ချင်တောင်မှာ လာရှာဖို့ ပြောခဲ့ပါတယ် တကယ်တမ်းတော့ သူမကတော်ဝင်မင်းသမီးတစ်ယောက်ဖြစ်ပြီး ဘုရင်ဖြစ်သူ (Banny Chen)နဲ့စေ့စပ်ထားသူဖြစ်ပါတယ် သူမဟာ နန်းတော် မီးလောင်ရာတွင်ထွက်ပြေးလာခဲ့ပြီး ဘယ်လ်ုဆက်ဖြစ်မလဲ wu di နဲ့ သူမ ပြန်စုံမလားwu diကရော သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမလားဆိုတာဇာက်ကားလေးကို ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်