Ajoomma HD

Ajoomma

Drama HD 2022-10-27 7.3 90 Min

စင်ကာပူနိုင်ငံသူ လင်းမိန်ဟွာဟာဆိုရင် ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရတာကိုအရမ်းနှစ်သက်သူဖြစ်ပြီး ဇာတ်လမ်းတွဲကြည့်ရင်း ဒိုင်ယာလော့တွေကို လိုက်ပြောရတာကတော့သူ့ရဲ့ဝါသနာပေါ့..လင်းမိန်ဟွာနဲ့ သူ့သားလေးက အားလပ်ရက်မှာ ကိုးရီးယားကို ခရီးအတူသွားဖို့ ကြိုတင်ဘိုကင်လုပ်ထားခဲ့ပေမဲ့သားဖြစ်သူက အလုပ်အင်တာဗျူးကြောင့် ခရီးသွားမဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတော့တယ်..တစ်သက်နဲ့တစ်ကိုယ် တစ်ယောက်တည်းခရီးမသွားခဲ့ဖူးတဲ့ အန်တီလင်းမိန်ဟွာလည်းသတ္တိမွေးပြီးတစ်ယောက်တည်း ကိုးရီးယားကို ခရီးထွက်လာတဲ့အခါမှာတော့…ပထမဆုံး ကိုးရီးယား-စင်ကာပူ ရုပ်ရှင်လေးဖြစ်ပြီး ကိုးရီးယားဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေအဖို့တော့ ‌ဇာတ်လိုက်မင်းသမီးလင်းမိန်ဟွာနဲ့ ထပ်တူခံစားရင်း ကြည့်ရှုလို့ရမဲ့ ရုပ်‌ရှင်လေးပါပဲ…Main Cast တွေအနေနဲ့ စင်ကာပူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Hong Huifang ၊Kang Hyeong Seok နဲ့ Jung Dong Hwan တို့က ပါ၀င်သရုပ်ဆောင်ပေးထားပြီးမင်းသားချော Yeo Jin Goo ကလည်း special guest အဖြစ် ပါ၀င်သရုပ်ဆောင်ပေးထားပါသေးတယ်…..