ရုပ်ရှင်အမျိုးအစားအတိုင်း ဟာသနှောပြီး ဘိလိယက်အားကစားလောကရဲ့အခြေခံသဘောတရားတွေကို တစ်ဝကြီးကြည့်ရှုရမဲ့Billiard’s King_ဘိလိယက်ဘုရင်မဏ္ဍိုင်(东北球王)ရွာတစ်ရွာက အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီးဝါသနာတစ်ခုနဲ့ ဘိလိယက်ကိုခုံမင်တဲ့ -ကျိုးသာ့ဖားသူ့ရဲ့အိမ်မက်ကတော့ မြို့ကိုတက်ပြီး “တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်”မှာပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ချန်ပီယံဖြစ်ဖို့ပဲ ဖြစ်ပါတယ်ဒါပေမဲ့မိခင်ဖြစ်သူဟာ ကျိုးသာ့ဖားကို အတင်းလက်ထပ်ပေးဖို့ စီစဉ်ပါတော့တယ်၊ဒီလိုနဲ့ ကျိုးသာ့ဖားဟာ ရွာကနေထွက်သွားပြီး အိမ်မက်တွေဆီကိုအရောက်လှမ်းဖို့လုပ်တဲ့အခါ。。。ရွာမှာရိုးရှင်းစွာဘဝကိုဖြတ်သန်းနေတဲ့သူတစ်ယောက်ရပ်ခြားမြေခြားမှာ ဘယ်လို စိန်ခေါ်မှာတွေကိုရင်ဆိုင်ရမလဲဝါသနာနဲ့အလုပ်မှာရော ဘယ်လိုကွဲပြားမှုတွေရှိတာကို သူသိလိုက်ရမလဲ ?ပြိုင်ပွဲအတွက်ကြိုးစားရင်း သိကျွမ်းရတဲ့မိန်းမလှလေးဟောင်ယွင်နဲ့သူ့ကြားကအဆုံးသတ်ဟာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ ဇာတ်သိမ်းလိမ့်မလဲ…?ချန်ပီယံဆုကိုရော အနိုင်ယူနိုင်ပါ့မလား?ဒီလိုဟာသနှောပြီးပေါ့ပေါ့ပါးပါးရုပ်ရှင်လေးဖြစ်တာမို့ ပိတ်ရက်မှာအနားယူရင်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်