လင်မယားနှစ်ယောက်ဟာ ရွာငယ်လေးဆီကို ဘဝသစ်စဖို့ပြောင်းလာကြတယ်။ ဒါပေမဲ့ အဲဒီရွာကလူတွေက သူတို့ကိုသတ်ချင်နေကြပါသတဲ့။ဒီဇာတ်ကားထဲက မင်းသားရဲ့ဇာတ်ကောင်ဟာ လူကောင်းလုံးလုံးကြီးရယ်လို့ မဟုတ်ပါ။ သူ့ပုံစံက လုပ်ရင်းလုပ်ရင်းလက်လွန်လာသလိုမျိုး။ ကိုယ့်ကို ဒုက္ခပေးတဲ့သူကို လက်စားချေချင်လို့သတ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့သတ်လိုက်နဲ့ လုံးချာရိုက်နေတော့တာပေါ့။တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်ကြား သံယောဇဉ်အက်ကွဲကြောင်းလေးတွေ ပေါ်လာပြန်တယ်။ ဇာတ်လမ်းကရိုးရိုးလေးနဲ့ကြည့်ကောင်းပြီး Rating – 5.8 ရရှိထားပါတယ်။