အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်..သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး…ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး…ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်…တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်..ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်…အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်…ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့်သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်..အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….