Simulant HD

Simulant

Thriller Science Fiction HD 2023-03-29 6.3 95 Min

Simulantဇာတ်ကားမှာတော့ Evanဟာ ကားမတော်မဆဖြစ်ခဲ့သလို အိမ်မက်မက်တွေမက်နေခဲ့တာကြောင့် မိန်းမဖြစ်သူFayeကိုသူမတော်မဆဖြစ်ခဲ့လားဆိုတာကို မေးခဲ့ပေမဲ့ Fayeဟာ သူ့ကိုအဖြေတိတိကျကျပြန်မပေးခဲ့ပါဘူး။Evanတစ်ယောက် သူ့ဘဝက တစ်ခုခုမှားနေတယ်လို့ခံစားမိနေချိန်မှာ Fayeဟာ Evanက လူသားတစ်ယောက်မဟုတ်ဘဲနဲ့ စက်ရုပ်တစ်ရုပ်သာဖြစ်ကြောင်းပြောပြခဲ့တယ်။လူသားEvanအစစ်ဟာကားမတော်မဆမှုကြောင့် သေဆုံးသွားပြီဖြစ်ကာ Fayeဟာ ယောကျာ်းဖြစ်သူသေဆုံးမှုကို လက်မခံနိုင်ခဲ့တာကြောင့် Evanနဲ့ တစ်ထေရာတည်းတူတဲ့စက်ရုပ်ကို ဖန်တီးကာ သူတို့နှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ထည့်သွင်းပေးခဲ့တာဖြစ်တယ်။Fayeဟာ Evanသေဆုံးသွားတဲ့အကြောင်းကိုလက်ခံသွားနိုင်တဲ့အချိန်မှာ စက်ရုပ်Evanကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။အဲ့အချိန်မှာCaesyလို့ခေါ်တဲ့ AIနည်းပညာရှင်တစ်ယောက်ကလဲ စက်ရုပ်တွေရဲ့ကန့်သတ်ချက် စည်းမျဉ်းတွေကို ဖျက်သိမ်းကာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ အသက်ရှင်နိုင်အောင် ကြိုးစားနေတာဖြစ်တယ်။Caesyဟာ Evanရဲ့ စည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေကို ဖျက်သိမ်းပေးလိုက်ချိန်မှာတော့ Evanဟာ Fayeအလိုရှိသလို ဖျက်သိမ်းခံပါ့အုံးမလားဆိုတာကို ကြည့်ရှူကြပါအုံး။