Kaam Chalu Hai HD

Kaam Chalu Hai

Drama HD 2024-04-19 8.3 0 Min

Kaam Chalu Hai (2024) ဖခင်သောကIMDb 9.9/10 (4k)ဒီကားမှာတော့ အရမ်းနာမည်ကြီးတွေမပါဘဲ လူအများကြိုက်နှစ်သက်လောက်တဲ့ပလော့တွေပဲပါမှာပါ ဒီလောက်ကောင်းတဲ့ rating တွေဘာလို့ရထားလဲတစ်ချက်လောက်ကြည့်ရအောင်ဖခင်ကောင်းတစ်ယောက်ရဲ့ သားသမီးပေါ်ဖြည့်ဆည်းပေးချင်တဲ့စိတ် သားသမီးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပျော်ရွှင်စရာမိသားစုဘဝကိုဖြတ်သန်းနေတဲ့ မန်နို့ဂ်ျ သူ့သမီးလေးကတော့ ကြီးလာရင်ခရစ်ကတ်ကစားသမားဖြစ်ချင်သူလေးပေါ့ ” အသက်၁၅နှစ်ကျရင် နိုင်ငံကိုယ်စားပြုကစားမှာ” ဆိုတဲ့သမီးဆန္ဒအတိုင်း ကလေးကျောင်းမသွားခင်နဲ့ ကျောင်းပြန်ချိန်တွေမှာ သူကိုယ်တိုင် ထရိန်နင်ပေးပြီးကစားသမားကောင်းတစ်ယောက်ဖြစ်အောင် နေ့တိုင်းပျိုးထောင်ပေးနေလေရဲ့မိန်းမဖြစ်သူကတော့ အိမ်ထောင်ရှင်မပီပီ အိမ်မှုကိစ္စနိုင်နင်းပြီး သာယာတဲ့မိသားစုလေးတစ်ခုပါပေါ့ ။။။လက ဘာလို့မည်းနေလဲဆိုတော့ချိုင့်ခွက်တွေပေါလို့ပါ အိန္ဒိယနိုင်ငံမှာချိုင့်တွေပေါသလိုပေါ့ဒါပေမဲ့လပေါ်မှာတော့ အစိုးရမရှိလို့ ကွန်ပလိန်းတွေနားထောင်မဲ့လူတော့မရှိဘူးတဲ့လေသမီးဖြစ်သူဂူဒီယာလေးတို့ကျောင်းလမ်းမှာ ချိုင့်ခွက်ကြီးကြီးတစ်ခုရှိလေရဲ့ နောက်ဘီးတစ်ခုလုံးဝင်ဆောင့်မိလောက်တဲ့အထိကြီးတော့ အဲဒီနားမယ် ခဏခဏအက်ဆီးဒင့်တွေဖြစ်ကြတာပေါ့ဒါကတော့ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ပါပဲ။။ ဆိုတော့ ထုံးစံအတိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့….