လိုတာမရ ရတာမလိုဆိုတာလိုပဲ လိုချင်သူတွေကျ နည်းအမျိုးမျိုး ဆေးအဖုံဖုံနဲ့ကြံဆပေမဲ့ ဘယ်လိုမှမရကြသလို မလိုချင်သူတွေကျပြန်တော့ တားနေတဲ့ကြားကတဖွတ်ဖွတ်ထွက်လာတတ်ကြတာကတော့ ရတနာလို့တင်စားကြတဲ့ သားသမီးရင်သွေးတွေပေါ့။ဒီဇာတ်လမ်းမှာလည်း အိမ်ထောင်ရက်သားကျလို့ အချိန်တစ်ခုကြာတဲ့အထိသားသမီးမရတဲ့ လင်မယားစုံတွဲကိုတွေ့ရမှာပါ။သူတို့လင်မယားက သားသမီးမရတာကို ဘယ်လိုမှမနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ သွားပုတ်လေလွင့်ပြောတဲ့ဒဏ်၊ယောက္ခမဖြစ်သူရဲ့ ပူညံပူညံစကားသံကို နားမခံနိုင်တော့တဲ့ ချွေးမဖြစ်သူရဲ့ ပူပင်သောကဒဏ်တွေနဲ့လင်မယားနှစ်ယောက် သားသမီးရဖို့အရေး အကြိတ်အနယ် ကြိုးစားကြပုံကိုဇာတ်လမ်း ဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။