ခရစ်ယာန်သမ္မာကျမ်းစာအရ ၁၉၀၆ ခုနှစ်က ကမ္ဘာပျက်ကိန်းရှိတဲ့နှစ်ပါ။ ကမ္ဘာပျက်တော့မှာမို့ တိရစ္ဆာန်တွေ စတင်ပျက်စီးလာကြပြီး အဆက်မပြတ်သေဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန် လူသူမရှိတဲ့တောထဲမှာ ထူးဆန်းတဲ့ လင်မယားနှစ်ယောက် နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူက လမ်းလျှောက်ထွက်လာရင်း မြစ်ကမ်းနံဘေးမှာအလောင်းတစ်လောင်းကို မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့တွေ့မိခဲ့တယ်။အဆိုပါ အမျိုးသမီးမြှုပ်နေတဲ့အလောင်းက ယောက်ျားဖြစ်သူရဲ့အလောင်းဖြစ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ တတွတ်တွတ်ဆိုလာခဲ့ပါတော့တယ်။ သူတို့တွေ ကမ္ဘာသစ်ဆီ ရောက်သွားနိုင်မလား၊ ပျက်စီးတော့မဲ့ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့မလားဆိုတာကတော့……..