ဒီရုပ်ရှင်တစ်ခုလုံးကို ရုပ်ရှင်နာမည်နဲ့ မလိုက်ဖက်စွာဘဲဖြူ၊ မည်း ကာလာနှစ်ခုတည်းအသုံးပြု ရိုက်ကူးထားပြီးအာမက်ဒါဘတ်မြို့ရဲ့ ဆင်ခြေဖုံး မူဆလင်ရပ်ကွက်ထဲကအခြေခံမိသားစုတစ်ခုရဲ့အကြောင်းကိုလွမ်းမောဖွယ်ရာ ပုံဖော်ပြထားတာပါ။သူတို့ရဲ့မိသားစုမှာ အိမ်ထောင်ဦးစီးဖြစ်သူကအလုပ်ကထွက်ထားပြီး ဝင်ငွေမရှိတဲ့သူ၊အိမ်ထောင်ဦးစီးရဲ့ ဇနီးဖြစ်သူကကလေးတွေကို ဘာသာရေး ကျမ်းစာသင်ပေးတဲ့ ဆရာမ။သူတို့မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိကြပြီးစားဝတ်နေရေး ရုန်းကန်နေကြရတဲ့သာမန် အခြေခံလူတန်းစားမိသားစုလေးပေါ့။အိမ်ထောင်ဦးစီးဖြစ်သူ ရာဇာ့ခ်ကသုံးဘီးတစ်စီးဝယ်ဖို့ကြိုးစားနေပြီး၊သမီးဖြစ်သူ ရူဘာကတော့ဈေးကြီးတန် အချိုရည်တစ်ဘူးသောက်ရရင်တောင်ကျေနပ်ပါပြီလို့ တွေးနေရတဲ့အထိခက်ခဲနေကြတဲ့ သူတို့ဟာ ရင်မောစရာ ဘဝတွေမှာရုန်းရင်းကန်ရင်း သူတို့မိသားစုအတွက်အလှည့်အပြောင်းတစ်ခု ကြုံတွေ့သွားပုံကိုဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာပါ…။