ဒီဇာတ်ကားကတော့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ crime drama sport ဇာတ်ကားလေတစ်မျိုးပဲဖြစ်ပါတယ် Lord of the ring ဇာတ်လမ်းထဲကနာမည်ကြီး မင်းသားElijah Wooက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့အမေရိကန် သတင်းထောက်ပညာ ကျောင်းသား မတ်ဘက်ခ်နာကသူ့အစ်မမိသားစုရှိရာလန်ဒန်ကိုပြောင်းလာခဲ့တယ်။ အဲ့ မှာ သူကဘောလုံးပရိသတ်လူရမ်းကားဖြစ်တြံ ပိထ်ဒန်ဟန်နဲ့တွေ့ပြီးတော့ ပိထ်က သူ့ရဲ့ ဘောလုံးပွဲမတိုင်ခင်နဲ့ ဘောလုံးပွဲပြီးတိုင်း ပရိတ်သတ်တွေရန်ဖြစ်ကြတဲ့ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာထဲကိုဆွဲခေါ်ခဲ့တယ်။ဒါပေမယ့် ပိထ်ရဲ့ ညာလက်ရုံး ဘော့ဗာက မတ်မယုံသင်္ကာဖြစ်ပြီးတော့ ပိထ်တို့ရဲ့အဖွဲ့နဲ့ နှစ်ပေါင်းများစွာ ရန်ကြွေးရှိနေတဲ့တခြားအဖွဲ့ ကိုပြန်ပြီးရန်ထောင်ပေးလိုက်ရာကနေပြီးတော့ ဖြစ်ပေါ်လာတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ သင်ဟာ အက်ရှင်ဇာတ်ကားတွေကြည့်တတ်တဲ့လူဆိုရင်တော့ဒီဇာတ်ကားကိုကြည့်ဖို့ညွှန်းပါရစေ