Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါးromantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေးက မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာတမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲသူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။ ဒါကိုကြည့်မနေနိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီးအဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင်ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။ IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူက အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။