စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီပေါင်း ၁၀၀ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ MilkyWay ဂလက်ဆီကြီးမှာ ဂြိုဟ်ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေတာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမတန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွားလာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ်တစ်ခုကိုရှာဖွေနေကြဆဲပါ။ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကိုငေးရင် အဲဒီကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာပေါ်မှာ မကုန်ခမ်းနိုင်တဲ့ အသစ်အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွားချင်လဲဆိုတာတော့…