The Big Wedding HD

The Big Wedding

Comedy HD 2013-04-25 5.9 90 Min

ဒွန်နဲ့ အယ်လီဟာ တစ်ခါက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲပါ။ချစ်စရာအိမ်လေးမှာ အတူနေခဲ့ကြပြီး သားသမီး သုံးယောက်ရှိပါတယ်။သား ဂျဲရက်ဒ် သမီး လိုင်လာနဲ့ မွေးစားသား အယ်လ်ဟန်ဒရိုပါ။လက်ရှိမှာတော့ အကြောင်းကြောင်းကြောင့် ကွာရှင်းလိုက်ကြပြီးကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ အယ်လီကတော့ အိမ်ကနေထွက်သွားပြီး အပြင်မှာ သီးသန့်နေပါတယ်။ ဒွန်ကတော့ အရင်အိမ်မှာပဲအယ်လီရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဘီနဲ့ တွဲခုတ်နေပါတယ်။ ဒွန်နဲ့အယ်လီရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုက သူတို့သူငယ်ချင်းတွေဖြစ်တဲ့ဘယ်ရီနဲ့ မက်ဖင်တို့ရဲ့ သမီး မယ်လီဆာနဲ့ လက်ထပ်ပါတော့မယ်။လက်ထပ်ပွဲကို အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားလည်းကိုလမ်ဘီယာကနေလာမှာပါ။ ပြဿနာက အဲဒီမှာ စတာပါတယ်။ အယ်လ်ဟန်ဒရိုရဲ့အမေရင်း မက်ဒေါနားက ကတ်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်းယုံကြည်သက်ဝင်သူပါ။ ကွာရှင်းတာကိုလည်းပြစ်မှုကြီးလို့ ယုံကြည့်လက်ခံထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေးအယ်လ်ဟန်ဒရိုကို အပြစ်ကျူးလွန်တဲ့ အယ်လီနဲ့ ဒွန်က (၁၅) နှစ်ကြာ ပျိုးထောင်ပေးထားတယ်ဆိုတာ သိသွားရင်တုန်လှုပ်သွားမှာစိုးလို့ဒွန်နဲ့ အယ်လီ ကွာရှင်းထားတာကို မပြောဘဲ လိမ်ထားလိုက်ပါတယ်။မင်္ဂလာပွဲ မပြီးခင်အထိ ဒွန်နဲ့ အယ်လီတို့ လက်ထပ်ထားတဲ့ စုံတွဲအဖြစ်ဟန်ဆောင်ရပါတော့မယ်။ဒွန်နဲ့ အယ်လီတို့အောင်အောင်မြင်မြင် ဟန်ဆောင်နိုင်ပါ့မလား ဒွန်နဲ့တွဲခုတ်နေတဲ့ ဘီဘီကရော လက်ခံပါ့မလား တလွဲတွေလုပ်ပြီး ဘယ်လိုတွေခွီရဦးမလဲ။ ကြည့်နေတဲ့အချိန်မှာ အပျော်တွေကူးစက်စေမယ့်မိသားစုဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးဖြစ်တာမို့ ခံစားကြည့်လိုက်ကြပါဦးနော်။