ငယ်ငယ်ကတည်းက ယွဲ့နွီတိုင်းပြည်မှာ ကြီးပြင်းလာခဲ့တဲ့သိုင်းလောကသူရဲကောင်းကြီးနင့်ဝူစူးနဲ့ သူ့အဖော်မြောင့်ခုန်းခုန်းတို့ဟာချမ်းသာသူတွေဆီက လုယက်ခိုးယူပြီး ဆင်းရဲသူတွေကို ကူညီပေးတတ်ကြတယ်။တစ်နေ့မှာ ကျားယဲတိုင်းပြည်က မင်းသားကျားလွိထူဆီမှပစ္စည်းတချို့ကို လုယူမိခဲ့ပြီး လိုက်လံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ထွက်ပြေးနေတဲ့ လမ်းမှာပဲ ယွဲ့နွီတိုင်းပြည်ရဲ့ မင်းသမီးလေးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။မသင်္ကာမှုတွေကို လိုက်လံစုံစမ်းရင်း သူတို့ဟာအန္တရာယ်တွင်းထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။သူတို့တတွေ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ ……အန္တရာယ်တွေကို ဘယ်လို ဖြေရှင်းကျော်ဖြတ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးပြုတဲ့ သူရဲကောင်းကြီး ဖြစ်သွားမလဲဆိုတာကိုရုပ်ရှင်လေးထဲ ကြည့်ရှုခံစားလိုက်ပါနော်။