အခုတစ်ခေါက် အချစ်ကားအေးအေးလေးတွေကို ကြိုက်တတ်တဲ့ပရိတ်သတ်တို့အတွက်12 Days ဆိုတဲ့ အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့-လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင်ပြီးပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာသူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဇာတ်လမ်းတွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်းလှလှလေးတွေထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။အချစ်ဆုံးဆိုတဲ့ လူနှစ်ယောက်က အိမ်ထောင်ကျပြီးနောက် အနေနီးပေမဲ့စိတ်ချင်းဝေးသွားကြပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်တစ်ခုတည်းနဲ့အိမ်ထောင်ပြုဖို့ မသင့်တော်ဘူးဆိုတာကို နားလည်စေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ကဲ မိုးအေးအေးလေးနဲ့ feel ချင်တဲ့ ပရိသတ်ကြီးတို့ အတွက်ဒီကားလေးက အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရောကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။