Upstream Color HD

Upstream Color

Drama Science Fiction HD 2013-04-05 6.405 96 Min

ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကိုShane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်းသရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီးစိတ်ဝင်စားစရာကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင်သန်ကောင်တွေရဲ့ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီးရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်ကKris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီးထိန်းချုပ်ပါတယ်။သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီးပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။သတိဝင်သွားလို့ ကြည့်လိုက်တော့သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကိုရောက်သွားပါတယ်။သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီးနောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျလုနီးပါးဖြစ်ခဲ့တဲ့အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာတွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီးသန်ကောင်ရဲ့ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကိုပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ခံစားချက်တွေ အဖြစ်အပျက်တွေကို ခံစားနေရပါတယ်။သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီး သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကိုဘယ်လိုချိတ်ဆက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။