လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာအရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲကကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက်ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။