ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူးဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါမင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါသူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် အဖြေရှာကြည့်ဖို့အတွက်ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်